Pineapple


ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ နှယ်ထားသော အသားချည်းပဲ အိုးကင်းတိုက်အပီး ….

၂ရေလောက်နဲ့ချက်အပီးမှာ ဗူးနဲ့လာတဲ့ နာနတ်သီးတွေကို ထည့်မွှေလိုက်တယ်။

ဝက်သားနာနတ်သီးဟင်း။ ဒီမှာ ချဉ်ရည်ဟင်း ချက်မရတော့ အချဉ်စားချင်လာလို့ ဒီဟင်းလေး ချက်စားဖြစ်သွားတယ်။

စိမ်းစားငပိကို oven အပေါ်မီးနဲ့ မဖုတ်ခင်

ငပိဖုတ်

နာနတ်သီးစိတ်၊ ငပိဖုတ် ကို အမှုန့်ဖြစ်အောင် ခြေထားတဲ့ ငပိ၊ ဆားနည်းနည်း၊ သကြားလေးနည်းနည်း၊ ငရုတ်သီး အကျက်မှုန့် အားလုံးပေါင်း နယ်ထားသော ( နာနတ်သီး ချို၊ ချဉ်၊ ငံ၊ စပ်)

FB မှ မခင်သန့်ဇင် သုပ်စားသော နာနတ်သီးသုပ်လေး Thanks for sharing.

Advertisements

6 thoughts on “Pineapple

  1. Pauk says:

    အခုတလော ဒီမှာ နာနတ်သီးတွေ တအားပေါနေတယ်..။
    နေ့တိုင်း တလုံးဝယ်စားဖြစ်တယ်..။
    ကျနော်တို့မြို့က စားပုံက တမျိုး။
    နောက်..အမေကတော့ ငါးအသားလွှာနဲ့ နာနတ်သီးနဲ့ကြော်ကျွေးတတ်တယ်။

    Like

    • Thet Nandar Family says:

      ငါးအသားလွှာ နဲ့နာနတ်သီး ချက်တာ ဆိုတော့ ငါးချိုချဉ်ကြော်ပေါ့။
      ကြိုက်တယ် အဲဒီ ဟင်းကို။
      ပေါက်အမေ ချက်တာ ဆိုတော့ စားကောင်းမှာ သေချာတယ်။
      အမေတွေက သားသမီးတွေ အပေါ်မှာ စေတနာပါပါ ချက်ကျွေးတတ်လို့လေ။ 🙂

      Like

  2. San Htar Khine says:

    Hi,
    Thet Nandar.I should be Try this meal.Pork and Pineapple.
    Thanks.Beside,if I will be meet you Out side, I wanna call you.

    Like

    • Thet Nandar Family says:

      Thanks for everything 🙂
      မစံထားခိုင် … IP address အရဆိုရင် ကျွန်မနေတဲ့ မြို့နဲ့ 486 မိုင်လောက်ဝေးတယ်နော်။
      ကားနဲ့ ဆိုရင် 8 နာရီကျော်လောက် မောင်းရမှာပဲ။
      သမီးတောင် မေ ၂၇ ရက်ကျရင် မန်ဆာချူဆက်ဘက်ကို Field Trip ထွက်ရမယ်။ Springfield Museums (The George Walter Vincent Smith Art Museum) web site : http://www.springfieldmuseums.org/the_museums/gwv_smith_art/ ကိုပါ။
      ကားနဲ့ အသွား ၄၅ မိနစ်၊ အပြန် ၄၅ မိနစ်လောက် စီးရမှာမို့ တနေကုန်ပါပဲ။ Trip fees: $5. မြေပဲ မပါတဲ့ lunch box ပြင်ဆင်ပေးပါလို့ မိဘ ဆိုင်းထိုးတဲ့ စာမှာ ပါတယ်။ ဒီကလူတွေက မြေပဲ စားရင် အလာဂျီဖြစ်တယ်နော်။ ကျွန်မတို့တော့ မဖြစ်ဘူး။

      Like

  3. juneone says:

    ဘြိုက်ဆာလာပြီ။ဝက်သားမြင် ရင်ဘယ်လိုမှမနေနိုင်ဘူး။နာနတ်သီးသုတ်တော့မစားဖူးဘူး။ကောင်းမဲ့ပုံ။သားရည်တောင်မြိုချလိုက်ပြီ။

    Like

    • Thet Nandar Family says:

      pork sholder နဲ့ ချက်ထားတာပါ။
      အသားကောင်းတော့ ဟင်းကောင်းပီးပေါ့ ကျော့ရေ …. 😛
      ရန်ကုန်က မောင်းတီးတဲ့ တွန်းလှည်းသည်က နာနတ်သီးကို နွယ်ချိုမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆား၊ သကြား နဲ့ နယ်ပေးထားတယ်။
      မရွှေမိ ရဲ့ နာနတ်သီးသုပ်က ငပိလေး ပါတော့ ချို၊ ချဉ်၊ ငံ၊ စပ်လေး ။ ရှယ်ပဲ။
      ကိုယ့် ဒီမှာ တလလောက်ပဲ ရှိသေး၊ အိမ်နောက်က အပင်ကို ချဉ်ပေါင်ပင်၊ အိမ်ရှေ့က အပင်ကို မန်းကျည်းပင် နဲ့ မျက်စိတွေ ကယောင်းကတန်းဖြစ်နေပီ။
      ဒယ်ဒီက သူ့ကို အဲဒီအပင်တွေနဲ့ ချက်ကျွေးမှာ အရမ်းကြောက်နေတယ်။
      ဟား …. ဟား … ဟား

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s