Posted in Personal

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်

သမင်လေးတွေက ဌက်ပျော်သီးလည်း စားတယ်။

သားသားက သမင်လေးတွေ အစာစားနေပုံကို ကြည့်နေတာ။


ကန်ထဲက ခြေနင်း ဘဲလှေ


မြင်း က တစ်ခါစီး 500 ကျပ်


သမီးကတော့ မြင်း နဲ့ မြင်းပုလေး ကို ၂ ခါစီးတယ်။


မြင်းပုလေး

ဒါက Mum တို့ တိရစ္ဆာန်ရုံထဲမှာ ပတ်စီးတဲ့ ဆိုက်ကားပါ။ နာရီဝက်ကို ဆိုက်ကားခ 3000 ကျပ်။ ဘက်ထရီကားကတော့ နာရီဝက်ကို 4000 ကျပ်။ Mum တို့ အဲဒီ နေ့က စီးတာ ၁ နာရီခွဲကျော်တယ်။


ဖျံလေးတွေပါ။ ငါးကို အားရ ပါးရ စားတတ်လို့ သူတို့ကို အစာကျွေးရတာ ပျော်ဖို့ ကောင်းတယ်။



မျောက်ရွာ

အခုတစ်ခေါက် ၀က်ဝံတွေက အ၀လွန်လို့ဆိုပီး ဌက်ပျော်သီး မကျွေးတော့ပဲ သူတို့က ပေါင်မုန့်ရောင်းလို့ ပေါင်မုန့်ပဲ ကျွေးခဲ့ရပါတယ်။



ရေမြင်းကို ကန်စွန်းရွက် ကျွေးနေတာ။ သမီးလေးက တစ်မျှင်ခြင်းစီ ကျွေးနေလို့ ကန်ထဲက ရေမြင်းက ပါးစပ်ကြီး ဟထားရတာ ကြာနေပီလေ။ သမီးကလည်း သူ့ကျွေးတဲ့ ကန်စွန်းရွက်တွေ ကုန်သွားမှာ စိုးနေတာနဲ့ နည်းနည်းစီကျွေးနေတာ။




သစ်ကုလားအုတ်ကတော့ နေပြည်တော် တိရစ္ဆာန်ရုံမှာ မရှိသေးပါဘူး။ မှာထားတယ်လို့ ပြောတယ်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာတော့ တစ်ကောင်တည်းပဲ ရှိတယ်။ အခု နေမကောင်းလို့ ဌက်ပျော်သီး မစားဘူးတဲ့။ ပန်းသီးပဲ စားတယ်ဆိုလို့ ၅၀၀ ကျပ်ဖိုး ၀ယ်ပီး ကျွေးတော့ မလာပါဘူး။ အဲဒါနဲ့ ဌက်ကုလားအုတ်ပဲ ကျွေးလာခဲ့ရတယ်။







ဟေး ထပ်ကျွေးအုံးလေ လို့ ဌက်ကုလားအုတ်က ပြောနေတာပါ။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်

  1. ပုံလေးတွေကြည့်သွားတယ်… ဆိုက်ကားက ရပ်ချင်တဲ့နေရာတွေမှာ ခဏရပ်ခိုင်းလို့ရလား… တောက်လျှောက်မောင်းတာလားဟင်?

    Like

    1. ဆိုက်ကားက နာရီဝက်ကို ၃၀၀၀ ကျပ်၊ ဘက်ထရီကားက နာရီဝက်ကို ၄၀၀၀ ကျပ်ပါ။ ဆိုက်ကားကော ကားကော ရပ်ချင်တဲ့ နေရာမှာ ရပ်ခိုင်းပီး အကောင်လေးတွေ ကြည့်လို့ရပါတယ်။ အစာလည်း ကျွေးလို့ ရပါတယ်။ ကျားက အစ မိချောင်းအဆုံး ရှိသမျှ အကောင်တွေ အားလုံးကို အစာကျွေးလို့ ရပါတယ်။ အများနဲ့ စီးပီး တိရစ္ဆာန်ရုံ တစ်ပတ်လည်း ပတ်လို့ ရပါသေးတယ်။

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s