Posted in Personal

ရန်ကုန်မြို့လယ်

ဗိုလ်ချုပ်လမ်းနဲ့ ဘားလမ်းထိပ်

35 လမ်းထိပ်က သွင်ရုပ်ရှင်ရုံမှာ တင်နေတဲ့ သူငယ်ချင်းယောက္ခမ ရုပ်ရှင်ရုံ ပိုစတာ

ဗိုလ်ချုပ်လမ်း နှင့် လစ္စလမ်းထိပ်က အေရှပလာဆာဟိုတယ်

ဗိုလ်အောင်ကျော်လမ်းထိပ်က စိန့်မေရီ ဘုရားကျောင်း

RC ခရစ်ယာန်ဘာသာဂိုဏ်းဝင်တွေ တက်တဲ့ စိန့်မေရီ ဘုရားကျောင်း

Father တွေ နေတဲ့အဆောင်လို့ ထင်တာပဲ။

ရေကျော်လမ်းထိပ် မဟာဗန္ဒုလမ်းမပေါ်က ချမ်းသာပလာဆာ

ဆူးလေဘုရားလမ်းမပေါ်က VCD, DVD အေ၇ာင်းဆိုင် ။ DVD အချပ်ကြီးတွေက 500 ကျပ်၊ VCD 400 ကျပ်။

ဒီဗီဒီ တစ်ချပ်ကို ၅၀၀ ကျပ်

ဗိုလ်ချုပ်လမ်း နဲ့ ၄၆ လမ်းထိပ်က အိမ်မွေးတိရစ္ဆာန်များ အရောင်းဆိုင်က ရေတံခွန် ၅သောင်းကျပ်

ဒါက အချစ်ဌက်ပါ။ တစ်ကောင်ကို တစ်သောင်းခွဲ ၁၅၀၀၀ ကျပ်။ (အနောက်က သုည တစ်လုံးဖြုတ်ပေးလို့ ရမလားလို့ ဈေးဆစ်မိတော့မယ်)။ Hamster အစာပလာစာတွေ သွားဝယ်ရင်းနဲ့ ရောက်သွားတာပါ။ Hamster ရေချိုးဖို့ အမှုန့်က တစ်ဗူးကို ၁၀၀၀ ကျပ်၊ ၅ဗူးဝယ်ရင် တစ်ဗူုး လက်ဆောင်ပေးပါတယ်။ သူ့ သောက်ရေ ထဲမှာ ထည့်တဲ့ အားဆေးရည်က တစ်ဗူးကို ၁၅၀၀ ကျပ်၊ ၂ဗူးကို ၂၅၀၀ ကျပ်၊ ရန်ကုန်မြို့က ကလေးတွေ တော်တော်များများ သိနေတဲ့ ဆိုင်ပေါ့။

စကားချပ် ။  ။ blog ရဲ့ Feed ကို short လုပ်ထားပါတယ်။ ဒီနှစ်ကုန်တဲ့ အထိပါ။ ဘလော့ရဲ့ incoming Link က blog stats မှာ ပေါ်ပါတယ်။ Google Reader ကနေ Feed ယူပီး ဖတ်တဲ့လူတွေကိုလည်း ပြန်ပီး ကြည့်လို့ရတယ်ဆိုတာကို ဒီက အန်တီ ကလေ အခုထပ်ထိ စစ်လို့ မတပ်သေးသောကြောင့် ခဏလောက် Google Reader ကနေ ဖတ်သောသူများ သည်းခံပေးပါ။

မိသားစု ဘလော့က ဓာတ်ပုံများကို မိသားစု ဓာတ်ပုံကလွှဲလို့ သယ်သွားလို့ ရပါတယ်။ ပြဿနာ မရှိပါ။ Link ချိတ်ပေးရင်တော့ ဒီဘက်မှာ incoming link ဆိုပီး လာပေါ်နေတော့ ကိုယ် ပြန်သွားကြည့်လို့ရပါတယ်။ Link မချိတ်ပေးလည်း ပြဿနာမရှိပါ။

မိသားစု ဘလော့က တချို့ ဓာတ်ပုံများသည် မရိုက်ရ နေရာများက ပုံများလည်း ရှိပါသည်။ ဥပမာ – ရွှေဂုံတိုင် အာလာဒင် ကစားကွင်းဆိုရင် ဓာတ်ပုံရိုက်လို့ မရပါဘူး။ ဒါပေမယ့် ကိုယ် အားရ ပါးရ ဓာတ်ပုံ အများကြီး ရိုက်ပီးမှ ၀န်ထမ်းမလေးတစ်ယောက်က အားနာစွာနဲ့ လာပြောပါသည်။

မိသားစု ဘလော့မို့လို့ ကစားကွင်း မှာ ရိုက်ခဲ့သောဓာတ်ပုံများက ပြဿနာမရှိပေမယ့် အဲဒီ ဓာတ်ပုံတွေကို တခြားနေရာမှာ ယူသွားသုံးရင် မကောင်းတဲ့ အတွက်ကြောင့်မို့လို့။ ဖြစ်နိုင်ရင် မိသားစု ဘလော့က အစားအသောက် ဓာတ်ပုံများပဲ သယ်သွားစေချင်ပါသည်။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s