Posted in Food & Drink

သရက်သီးစိမ်း သနပ်

သရက်သီးစိမ်း သနပ်


မုန့်လုံးကြီး အုန်းနို့ဆမ်း

မနက်ကျရင် ပဲပြုတ် ထမင်းကြော်နဲ့ တွဲစားဖို့ ငါးရံခြောက်ဖုတ် ဆီဆမ်း ထားတာ ကုန်နေတာနဲ့ city mart မှာ သရက်သီးစိမ်း သနပ် သွားဝယ်လာလိုက်တယ်။ 130 g ကို 455 ကျပ်၊ အနည်းဆုံး ၁၀၀ ဂရမ် လောက် ၀ယ်ရတာ။ မနက်စာ ပဲပြုတ် ထမင်းကြော်ကို ကြက်ဥဟက်ဘွိုင်းနဲ့ ဖြစ်ဖြစ်၊ ငါးရံခြောက် နဲ့ ဖြစ်ဖြစ်၊ ဆိတ်သားခြောက်၊ အမဲသားကြော် နဲ့ ဖြစ်ဖြစ် စားနေကြ။ အခုက အားလုံး စားလို့ ကုန်သွားပီ။ ဒါကြောင့် မို့လို့ သရက်သီးစိမ်း သနပ်ကို သွားဝယ်လာလိုက်တာ။ သရက်သီး သနပ် ထက် ပိုပီးတော့ စားလို့ ကောင်းတယ်။ သရက်သီးစိမ်းလေးတွေက ကျွတ်ကျွတ်လေးတွေ။

မုန့်လုံးကြီး အုန်းနို့ဆမ်းက တစ်လုံးကို ၁၅၀ ကျပ်၊ ၂ လုံးကို ၃၀၀ ကျပ်။ တစ်ခါတစ်လေကျရင် ကြော်စားလိုက်တယ်။ မုန့်လုံးကြီးကျော် ဖြစ်သွားရော၊ ကြော်လိုက်ရင် အထဲက အုန်းသီးတွေက ပိုချိုပီး ဘေးသားတွေက ကျွတ်သွားတော့ ကာဖီခါး နဲ့ အလိုက်ပါပဲ။ ရေနွေးကြမ်းနဲ့လည်း လိုက်တယ်။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

2 thoughts on “သရက်သီးစိမ်း သနပ်

  1. သရက်သီးစိမ်းသနပ်ကြည့်ပြီး သွားရည်တွေကျနေတာ.. 😀 တခါမှ မစားဖူးဘူး အမရဲ့..city mart မှာအကုန်ရတာပဲနော်.. ကျနော်တောင် နောက်တခါ ရန်ကုန်ပြန်ဖြစ်ရင် အမပြောတဲ့ ငါးပိရည်ချိုအိုးလေး city mart က ၀ယ်ပြီး ရအောင် သယ်ဦးမယ်လို့ တေးထားတယ်… 😛

    Like

    1. သရက်သီးစိမ်း သနပ်ကိုတော့ စားဖြစ်အောင် စားကြည့်ဖို့ တိုက်တွန်းချင်တယ်။ စားလို့ ကောင်းလို့ပါ။
      city mart တစ်နေရာတည်းနဲ့တင် နိုင်ငံခြားကို သယ်ဖို့ ပစ္စည်းတွေ တော်တော်စုံသွားမှာပါ။

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s