United Play Ground
Align Center
ဒီမျက်နှာကျက်တွေကို ကြိုက်လွန်းလို့ နောက်တစ်ခေါက် သေသေချာချာကို ရိုက်လာတာ။
United Living Mall’s Ceilling
ဒီခြေတွန်းကားလေးက ဒီ ကစားကွင်းမှာပဲ ရှိတယ်။ တခြား ကစားကွင်းတွေမှာ မရှိသေးဘူး။
ပျော့ပျော့အိအိ ကစားကွင်းနေရာပေါ့။ သားသားကတော့ အဲဒီပေါ်မှာ ခုန်နေရတာကို ကြိုက်မှ ကြိုက်။ မမ က လျှောစီးရတာကို ကြိုက်တယ်။
သကြားလုံးကောက်တာတို့ အရုပ်ကောက်တဲ့ ဂိမ်းကျတော့ သမီးနဲ့ သားက မကြိုက်ကြဘူးလေ။ ကားမောင်းတဲ့ ဂိမ်းကို သမီးလေးကော သားသားပါ တော်တော်ကြိုက်။
ကစားကွင်းရောက်တိုင်း မခြယ်မဖြစ်၊ ရောင်စုံခြယ်နေကျ သဲ ပန်းချီကားချပ်။ သားသား ကြိုက်တဲ့ ပုံကို သားသား ကိုယ်တိုင် သွားယူ၊ ဆိုင်က မမ က စတစ်ကာကို သွားကြားထိုးတံနဲ့ ခွာပေး။ သားသားက သဲရောင်စုံကို ဇွန်းနဲ့ ခပ်ပီး ရောင်စုံခြယ်နေတာ။
တစ်ရောင်ကို တစ်ကွက်စီဆိုတော့ ဒီတစ်ခါ အရောင်တွေ မေ၇ာတော့ဘူး။ လှမှ လှ။
Advertisements
4 thoughts on “United Play Ground
  1. nu-san says:
    မမဘလော့ခ်ကနေ ရန်ကုန်က ဆိုင်သစ်တွေ၊ ကလေးကစားကွင်းတွေ၊ shopping mall တွေ အကြောင်းဖတ်ရတာ ရန်ကုန်နဲ့သိပ်အဆက်အသွယ်မပြတ်သလို ခံစားရတယ်.. နို့မို့ဆို ဘာဆိုင်တွေ ဖွင့်နေလဲ ဘာတွေ ပြောင်းလဲနေပြီလဲဆိုတာ မသိရဘူး.. 🙂
    သားသားက ပုံရောင်စုံခြယ်နေတာ စိတ်ဝင်တစားနဲ့.. 🙂
    Like
    • Thet Nandar says:
      ကလေး ၂ယောက်နဲ့ အတူ သွားလို့ ရတဲ့ နေရာတွေပဲ ရောက်ဖြစ်နေတာပါ။
      ဒီက shopping mall တွေကျတော့လည်း ယိုးဒယားပစ္စည်းတွေဆိုတော့ ဈေးလည်း မဆိုးဘူး။
      ကစားကွင်းကျတော့လည်း ၀င်ကြေးက ၅၀၀ ကျပ် ၁၀၀၀ ကျပ်၊ coin ဆို တစ်စေ့ကို ၁၀၀ ကျပ် ဆော့လို့ ကောင်းတယ်။
      သားက အခု အရွှယ်မှာ ပုံဆွဲတာတို့၊ သီချင်း၊ ရုပ်ရှင်၊ ကတာ တော်တော် စိတ်ဝင်စားနေတယ်။
      Like
    • Thet Nandar says:
      ပါ ။
      ဟမ်ဘာဂါလေး စားသွားပါအုံး။
      ကြက်တစ်ကောင်လုံးကင်လေးပါ …
      စည်ဘီယာလေး လည်း သောက်အုံးမလား …..
      ပီဆာလေးလည်း စားသွားပါအုံး ….
      သားသားဖျော်ပေးတဲ့ ကော်ဖီလေးပါ သောက်သွားပါအုံး …..
      Like
Leave a Reply
Please log in using one of these methods to post your comment:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s