Posted in Personal

လက်ဆောင်

Cali Gear

ဒီ ပိုစ့် ကို ပြန်ဖတ်ပီး … အဲဒီတုန်းက 2009 အချိန်တွေကို သတိရမိပါသေးတယ်။ အမျိုးက ဒီလိုပဲ အိမ်က ကလေး အတွက် သတိတရ ရန်ကုန်မြို့က… US made တွေချည်း သီးသန့် ရောင်းတဲ့ ဆိုင်က လက်ဆောင် ၀ယ်ပေးတာကို ကိုယ်က ဓာတ်ပုံတွေရိုက်၊ ဘလော့ပေါ် အမှတ်တရတင်ခဲ့တာ။
အဲဒီအချိန်တုန်းကလည်း အဲဒီ ဈေးနှုန်းတွေကို @ – @ 2009 တုန်းက မြန်မာမှာ အိမ်က ကလေးတွေအတွက် ယိုးဒယား made နဲ့ china made တွေကို သေချာရွှေးပီး ၀ယ်ပေးတယ်။ အကျီဆို ချွေး စုပ်တဲ့ အသာမျိုး၊ ဖိနပ်ဆို ချော်မလဲကျမယ့်။ သက်တောင့်သက်သာ စီးလို့ရမယ့် ဖိနပ်မျိုး ၀ယ်ပေးတယ်။ ဈေးကလည်း တချို့လည်း ဈေး ကြီးသလို … တချို့လည်း အသင့် သင့်ပါပဲ။
အခု အမေရိကားကို ရောက်တော့ ဒီ ဓာတ်ပုံထဲက ပစည်းတွေ ကြည့်ပီး ရီချင်တယ်။ လက်ဆောင်ရတဲ့ 2009 တုန်းကလည်း ကိုယ့် ပိုစ့်ထဲမှာ ထည့်ရေးဖူးသေးတယ်။ အဲဒီ အချိန်တုန်းက ကိုယ့်ရဲ့ Thet Nandar Family ( wordpress blog ) readers –  good value guests တွေ ဖတ်ဖူးတာမို့ မှတ်မိမှာပါ။ အခု .. အဲဒီပိုစ့်ကို ပြန်စိစစ်ပီး ရန်ကုန်က ဆိုင်ပိုင်ရှင်များလည်း မထိခိုက်အောင် ရေးထားပါတယ်။ အဲဒီဆိုင် ရန်ကုန်မှာ ရှိသေးလား။ မရှိတော့ဘူးလားတော့ မသိပါဘူး။
USမှာ ရှိတဲ့ outlet က ပစည်းမျိုး၊ only USA ပစည်းမျိုး၊ လျှော့ဈေးကာလ ပစည်းမျိုးနဲ့ ရန်ကုန်ဘက်က လူက အင်တာနက်ကနေ ကြည့်ပီး လှမ်းမှာတဲ့ ပစည်းမျိုးပဲ ရန်ကုန်ကို ပြန်သွင်းတာ ကိုက်မယ်လို့ ထင်ပါတယ်။ ရန်ကုန်မှာက ယိုးဒယား၊ တရုတ်က ပစည်းမျိုးတွေ အလွယ်တကူ ၀ယ်လို့ရနေတော့ ပစည်းချင်းတူရင်တောင် US က သွင်းလာတဲ့ ပစည်းနဲ့ ဈေးခြင်း အရမ်းကွာတယ်။ ယိုးဒယား၊ တရုတ်က လာပေမယ့် … အမေရိကားက သယ်လာတဲ့ ပစည်းမျိုးကို … အရည်အသွေး လည်း ကောင်းကောင်းမှီပါတယ်။
အပေါ် ဓာတ်ပုံထဲ Cali Gear ဘိနပ်တစ်ရံကို ၁၂၀၀၀ ကျပ်။ အလျှော်လည်း ခံတယ်။ ဘိနပ်မှာ တပ်ဆင်ထားတဲ့ အရုပ်လေးတွေလည်း ပြောင်းပီး ဒီဇိုင်းဆင်လို့ ရတယ်။ ဆန်းလည်း ဆန်းတယ်။

Bacteria Resistant

 ဒါက ဖိနပ်မှာ အလှဆင်တပ်ဖို့ ။ ကြယ်သီးလိုမျိုးပဲ။ ဖိနပ် ရှေ့က အ၀ိုင်းပေါက်လေးတွေမှာ ဖြုတ်တပ်ပီး ကိုယ် ကြိုက်တဲ့ ဒီဇိုင်းနဲ့ အလှဆင်ပီး ဖိနပ် စီးဖို့ အတွက်တဲ့။ ၄ ခုကို ၆၀၀၀ ကျပ်  အပိုထပ်ဝယ်လာပေးတာတဲ့။ သမီးက ဒီဇိုင်း ဆင်ရတာ ကြိုက်တယ်ဆိုတော့ သမီးအတွက် အတော်ပါပဲ။

4 breeze-itz
The Children Place

 The Children’s Place တံဆိပ်။ ဦးထုပ်က ၈၀၀၀ ကျပ်။  ယိုးဒယား ဦးထုပ်တွေလည်း ဒီဇိုင်း အစုံရှိပါတယ်။ သမီးလေး Shwe Pu Zun နဲ့ ILBC Trip သွားတုန်းက ဆောင်းထားတဲ့ ဦးထုပ်ဆိုရင် တစ်လုံးမှ ၂၀၀၀ ကျပ် ကျော်ပဲ ပေးရတာပါ။ ဒီဇိုင်းလည်း လှတယ်။

carter's let's play socks

 ခြေအိတ်က original price က ၁၂ ဒေါ်လာ။ Kyat = ၁၁၀၀၀ ကျပ်။

Tooth brush

၈၀၀၀ ကျပ် တဲ့။ ဘက်ထရီနဲ့ ကလေး သွားတိုက်တံတောင်မှ မြန်မာမှာ ၇၅၀၀ ကျပ် ပဲ ပေးရတာပါ။ စီးတီးမတ်မှာ ၀ယ်လို့ရပါတယ်။

Summer time fun

 မျက်မှန်ကတော့ တန်တယ်လို့ ထင်သည်။ ဘာလို့လည်းဆိုရင် သင်္ကြန် shopping mall တွေမှာ ရောင်းတဲ့ မျက်မှန်တွေက တစ်ခုမှ ၁၀၀၀ ကျပ် ကျော်လေးပဲ ဆိုပေမယ့် နေရောင်ခြည်ထဲ သွားရင် မှန်တွေက ပူတော့ ကလေး မျက်လုံး ထိခိုက်နိုင်လို့ ၀ယ်ကို မ၀ယ်တာ။ ဒီ အမေရိကန်က သွင်းလာတဲ့ မျက်မှန်က စိတ်ချရမယ် ထင်တယ်။

The Children Place

 အတန်ဆုံးက ဒီဖိနပ်ပဲ။ ၆၀၀၀ ကျပ်။ သားသား ဖိနပ်တွေက တစ်ရံကို အနည်းဆုံး ၅၀၀၀ ကျပ် လောက် ရှိတာ။ ဒီ ဖိနပ်ကျတော့ ဒီဇိုင်းလည်း ဆန်းတယ်။ ဒီပုံစံမျိုး သားသား ဆီမှာလည်း မရှိသေးဘူး။
အဲဒီ ဆိုင်မှာ computer laptop နဲ့ အခြား အမေရိကန်ဖြစ် ပစ္စည်းတွေ တော်တော်များများ ဒီဇိုင်းစုံ ရှိတယ်လို့ ပြောတယ်။ သွားကြည့်မယ်ဆိုပီး အမေရိကားကို ထွက်လာတဲ့ အထိ သွားမကြည့်ဖြစ်ဘူး။ တချို့ ဆိုင် တွေက ဒေါ်လာဈေးနဲ့ တွက်ပီး ဈေးနှုံး သတ်မှတ် တတ်ပေမယ့် တချို့ ဆိုင်တွေက လူကြိုက် များနိုင်မယ့် ပစ္စည်း၊ ဒီဇိုင်းလှတဲ့ ပစ္စည်းတွေကို ဈေးပိုတင်တတ်တယ်။
အခု အမေရိကား ရောက်လာတော့လေ … Made in USA ဆိုတာ အစားအသောက်တွေပဲ ပေါပေါများများ မြင်ရပါတယ်။
ဈေးအသင့်သင့် ပစည်းမျိုးတွေက Made in China
အကျီတွေက နိုင်ငံစုံပဲ .. Made in USA ဆိုတာ တော်တော်ကို ရှားနေပါပြီ။
ကိုယ် ဒီပိုစ့်ကို ပြန်ဖတ်ပီး တမင်တကာ ပြန်တင်ထားတာပါ။
အမေရိကားမှာ စက်ရုံခေတ် ပြန်လည် ထွန်းကားလာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ။
အခုဆို 1930-1912 အထိ အောင်မြင် လူကြိုက်များတဲ့ … အစားအသောက် စက်ရုံတောင် ပိတ်သိမ်းကုန်ပါပီ။
Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.