ခါကာဘိုရာဇီတောင်ထိပ်ပေါ် လေ့လာရေး ခရီး သွားရောက်ခဲ့တဲ့ I.L.B.C မှ ကျောင်းသူ ကျောင်းသားများနှင့် ဆရာများ ဓာတ်ပုံ
“Comment” ကနေ လာမေး ထားတာကို ဖြေပေးရင်းနဲ့ မိသားစု ဘလော့လေးမှာ မှတ်ထားလိုက်တာပါ။ ကျောင်းဝပ်ဆိုဒ်လင့်တွေလည်း ပြန်ရှာတဲ့အခါ အထောက်အကူ ဖြစ်နေအောင်လို့လေ။
I.L.B.C ကျောင်းပဲ အတိအကျ သိပါသည်။ ကျန်တဲ့ နာမည်ကြီးကျောင်းတွေက ပျမ်းမျှလောက်ပဲ သိတာပါ။
I.L.B.C မှာ Primary 2 ကို နှစ်စဉ်ကြေး (Admin Fees) = 40,000 + ကျောင်းလခ (242,000/months)
ပထမ တစ်သုတ်က ၃ လစာ ရှင်းရသည် = 726,000 ကျပ် (Jun to Aug) ၊
ဒီနေ့ ဒုတိယ အသုတ် ပိုက်ဆံ သွင်းပါမည် 4 လ စာ ( 242,000 * 4 = 968,000 ကျပ် ) (Sep’09 to Dec’09)၊
End of December ကျမှ နောက်ဆုံး အသုတ် ငွေသွင်းရမှာပါ 3 လစာ (242,000 *3 = 726,000 ကျပ် ) .
အားလုံး စုစုပေါင်း တစ်နှစ်စာ (ကျောင်းတက် ၁၀လ) မြန်မာငွေ ၂၄ သိန်း ၆ သောင်းပါ။ စာအုပ်ဖိုး အပီးအစီးပါ။ အခြား အပို ထပ်မကုန်ပါ။
ရန်ကုန်မှာ နံပါတ်တစ်ကျောင်းက ISY
ဒုတိယက YIS
တတိယက YIEC
စတုတ္တက ILBC လို့ပဲ ပြောချင်ပါသည်။ 😀
အပေါ်ဆုံးက ၂ကျောင်းက တစ်နှစ်စာ သိန်း ရာကျော် ရှိသည်။ တတိယက ILBC ထက် ဆယ်ဂဏာန်းကျော် ပိုပေးရပါသည်။
နောက်ထပ် နာမည်ကြီးတွေက …
Horizon,
Crane,
MIEC,
NIEC,
Diplomic School Yangon (school web site ရှာမတွေ့လို့ Diplomic School – facebook fun)
Myanmar- Yellow Pages မှာ ကြည့်လိုက်ပါအုံး။
နောက်တစ်အုပ် Yangon Directory
web site link ရှိသည့် ကျောင်းများအားလုံး Link ချိတ်ပေးထားပါသည်။
ဓာတ်ပုံကို ILBC School web site link Photo Gallery မှ ယူထားသည်။