Posted in Personal

မီးပူတိုက်

20 Months baby boy
20 Months baby boy

အခု ရက်ပိုင်း ဆော့ဖြစ်နေတဲ့ မီးပူတိုက်တမ်း ကစားနည်း။ တကယ့်မီးပူကတော့ အခန်းထဲမှာပဲ တိုက်ရဲတယ်။ တိုက်ပီးသား မီးပူကိုလည်း ၀ါရန်တာမှာ ပြန်ထားပီး။ ၀ါရန်တာ တံခါးပိတ်ထားလိုက်တာပါပဲ။ လန့်တယ်။ ကလေးတွေ တခု ခုဖြစ်မှာကို။ နောက်ဆက်တွဲ ကြုံလာမယ့် အရာတွေအတွက် လန့်လွန်းလို့ မဖြစ်ခင်ကတည်းက အတတ်နိုင်ဆုံးလေး ကြိုတင် ကာကွယ်ထားလိုက်တာ။


မီးပူ စတိုက်ပါတော့မယ်
မီးပူ စတိုက်ပါတော့မယ်

မီးပူစတိုက်ဖို့ wet tissue အခြောက်စလေးကို ဖြန့်နေတာလေ။ မာမီ မီးပူ တိုက်တဲ့ ပုံစံကို သေချာ ကြည့်ပီး လိုက်လုပ်နေတာ။

သားသားကို ဓာတ်ပုံရိုက်နေပါလား
သားသားကို ဓာတ်ပုံရိုက်နေပါလား

ကင်မရာက flash လင်းသွားလို့ သားသားကို ဓာတ်ပုံ ရိုက်ပေးနေတာ ရိတ်မိသွားပီလေ။

အကဲခတ်နေတယ်နော်။
အကဲခတ်နေတယ်နော်။

ကင်မရာမီးလေးကလည်း တဖြတ်ဖြတ်နဲ့ မီးပူတိုက်တမ်းလည်း ဆက်ကစားချင်၊ ကင်မရာလည်း လာကိုင်ချင်နဲ့ မီးပူဆီ အာရုံ ပြန်စိုက်လို့ မရတော့ပါဘူး။ သားသားက ငယ်ငယ်တုန်းကပဲ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ရင် သိပ်စိတ်မ၀င်စားတာ။ အခုက လ ၂၀ သားဆိုတော့ တော်တော် တတ်နေပီ။ ခလုတ်တွေကို ကောင်းကောင်းကိုင်တွယ် အသုံးချတတ်တဲ့ အရွှယ်ရောက်နေပီလေ။ မာမီက များသောအားဖြင့် ကင်မရာနဲ့ သားသား အလစ်ကလေးမှာ မြန်မြန်ရိုက်။ သားသား လာယူဖို့ ခြေလှမ်းစပီဆိုတာနဲ့ ကင်မရာကို အမြင့်ပေါ်တင်နေကြ။ အခုက သားသားက သူ့ကို ၂ ပုံလောက် ရိုက်တာကို ငြိမ်ပီး ထိုင်နေရင်းနဲ့ အကဲခတ်နေလို့ နောက်တစ်ပုံလည်း ရိုက်မယ်လုပ်ရော ….

လာ .. ပါ ... ပြီ ဗျာ
လာ .. ပါ ... ပြီ ဗျာ

လာပါပြီခင်ဗျား။ ကင်မရာကို ကိုင်ဖို့ လာနေပါပီ။ ၀မ်းသာ ပျော်ရွှင်စွာနဲ့ပေါ့။ သားသား ဒီတစ်ခါတော့ ကင်မရာ ကိုင်လို့ ရတော့မယ်ဆိုပီး မျှော်လင့်ချက်လေးနဲ့ပေါ့။


ဆပ်ပြာဗူးပေါင်းလေးတွေနဲ့အတူ
ဆပ်ပြာဗူးပေါင်းလေးတွေနဲ့အတူ

ကင်မရာ မကိုင်ရလို့ ငိုတော့မယ့် သားငယ်ကို အာရုံပြောင်းပီး ရေချိုးဖို့ နှိုးဆော်ပေးလိုက်တာ။ ရေချိုးဖို့ အတွက် ရေချိုးဇလုံထဲမှာ bubble shower တစ်ခွက်စာလောက် အရင်ထည့်ပီး ရေဘုံဘိုင်ကနေ ရေဖြည့်လိုက်တော့ ဆပ်ပြာဗူးပေါင်းတွေ တက်လာတာကို သားသားက သဘောကျနေတာလေ။


bubble
bubble

စိတ်ဝင်စားနေတယ်။
စိတ်ဝင်စားနေတယ်။

အခုမှပဲ လှည့်ကြည့်တော့တယ်
အခုမှပဲ လှည့်ကြည့်တော့တယ်

ဆပ်ပြာဗူးပေါင်းလေးတွေနဲ့ ရေချိုးပီဆို ကျန်တာ စိတ်မ၀င်စားတော့ဘူး။ bubble တွေနဲ့ မျိုးစုံ ဆော့နေရတာကိုပဲ ပျော်နေတာ။ မမ Angel ကလည်း သားသားကို စပီး ဆပ်ပြာဗူးပေါင်းတွေနဲ့ မုတ်ဆိတ်မွှေးတွေ လုပ်ပေး၊ ခေါင်းပေါ်တွေ တင်နဲ့။ မာမီက မျက်စိထဲ ၀င်မှာစိုးလို့။ ပါးစပ်ကောပေါ့။ အဲဒါ wet tissue နဲ့ လိုက်သုတ်နေတာ။




Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

6 thoughts on “မီးပူတိုက်

  1. သက်နန္ဒာ တို.မိသားစုရေ
    အလည်ပြန်လာတယ်။ အချိန်မရလို. ဘာကိုမှ ကောင်းကောင်းပြန်မရေးနိုင်တာ ခွင့်လွတ်ပါနော်။ အခု ချစ်မ၀တို. အိမ်မှာလည်း ကလေးတွေ အတွက် အကျိုးရှိမဲ့ အကြောင်းနဲ. ဒီက အတွေ.အကြုံ အချို. တင်ထားတယ်။ ဆက်လည်းတင်အုံးမယ်။ ချစ်မ၀ တို. ဖေဖေက ကင်တာဂါးဒင်း က ဆရာ တယောက်ပါပဲ။(ကြွားတာဖြစ်မယ်ထင်တယ်)
    ချစ်မဝ

    Like

    1. လာလည်တာ ကျေးဇူးပါ။ comment မရေးသွားလည်း ကိစ္စမရှိပါဘူးရှင်။ Blog status ကို ကြည့်လိုက်ရင် refer နေရာမှာ ချစ်မ၀တို့ ဘလော့က cbox ကနေ အလည်ရောက်တာတွေ့ယုံနဲ့တင် ၀မ်းသာပါတယ်။ ချစ်မ၀တို့ မိသားစု အိမ်လေးမှာ ကျွန်မ သိချင်တဲ့ ဗဟုသုတ နဲ့ အတွေ့အကြုံလေးတွေ တင်ထားတဲ့ အတွက် ဗဟုသုတ ရပါတယ်။ ချစ်မ၀တို့ ဖေဖေက ကင်တာဂါးဒင်း ဆရာ (Kg Teacher) ဆိုတော့ မွန်မြတ်တဲ့ အလုပ်ပဲနော်။ အဲဒါ ကြွားတယ်လို့ မထင်ပါဘူး။
      ကျွန်မလည်း မြန်ပြည်တွင်းရော … ရေခြား မြေခြားက ကျွန်မတို့ လူမျိုးတွေရဲ့ မျိုးဆက်သစ်ကလေးတွေကို ဘယ်လိုမျိုး ပြုစု ပျိုးထောင်ပေးတယ်။ ပညာသင်ပေးတယ်ဆိုတဲ့ အတွေ့ အကြုံ ၊ ဗဟုသုတ လိုချင်လို့ Google search ကနေ သမီးလေး (သို့မဟုတ်) သား ဆိုပီး ရှာလိုက်တာကနေ ချစ်မ၀တို့ မိသားစု အိမ်လေးကိုေ၇ာက်လာတာပါ။
      မအားလပ်တဲ့ ကြားက အလည်လာရောက်တဲ့အတွက် ကျေးဇူးပါ …….

      Like

  2. ညီမလေးရေ
    အိုင်အယ်ဘီစီ တို.လို ပရိုက်ဘိတ် ကျောင်းတွေရဲ. ကျောင်းလခ၊ ကျောင်းအပ်ခ၊ စာရွက်စာတန်းကြေး တို.ကို အပန်းမကြီးရင် သိပါရစေ။ အိုင်အယ်ဘီစီ လိုမျိုး ကျောင်းတွေ မြန်မာပြည်မှာ အများကြီးလား။ ထင်ရှားတဲ့ကျောင်းများလည်းကျေးဇူးပြု ပြီး ပြောပြပါလာ။ ဒီက ကေဂျီ ကျောင်းတွေရဲ. အကြောင်း ဆက်စပ်ပြီး ပိုစ်တစ်ခုတင်ခြင်လို.ပါ၊ အချို. အချက်အလက်များလည်း စဉ်းစားထားပါတယ်။
    ကျေးဇူးတင်စွာဖြင့်
    ချစ်မ၀ ဖေဖေ

    Like

    1. I.L.B.C ကျောင်းပဲ အတိအကျ သိပါသည်။ ကျန်တဲ့ နာမည်ကြီးကျောင်းတွေက ပျမ်းမျှလောက်ပဲ သိတာပါ။
      I.L.B.C မှာ Primary 2 ကို နှစ်စဉ်ကြေး (Admin Fees) = 40,000 + ကျောင်းလခ (242,000/months) ပထမ တစ်သုတ်က ၃ လစာ ရှင်းရသည် = 726,000 ကျပ် (Jun to Aug) ၊
      ဒီနေ့ ဒုတိယ အသုတ် ပိုက်ဆံ သွင်းပါမည် 4 လ စာ ( 242,000 * 4 = 968,000 ကျပ် ) (Sep’09 to Dec’09)၊
      End of December ကျမှ နောက်ဆုံး အသုတ် ငွေသွင်းရမှာပါ 3 လစာ (242,000 *3 = 726,000 ကျပ် ) . အားလုံး စုစုပေါင်း တစ်နှစ်စာ (ကျောင်းတက် ၁၀လ) မြန်မာငွေ ၂၄ သိန်း ၆ သောင်းပါ။ စာအုပ်ဖိုး အပီးအစီးပါ။ အခြား အပို ထပ်မကုန်ပါ။
      I.L.B.C school web site link
      ရန်ကုန်မှာ နံပါတ်တစ်ကျောင်းက ISY
      ဒုတိယက YIS
      တတိယက YIEC
      စတုတ္တက ILBC လို့ပဲ ပြောချင်ပါသည်။ 😀 အပေါ်ဆုံးက ၂ကျောင်းက တစ်နှစ်စာ သိန်း ရာကျော် ရှိသည်။ တတိယက ILBC ထက် ဆယ်ဂဏာန်းကျော် ပိုပေးရပါသည်။
      နောက်ထပ် နာမည်ကြီးတွေက … PIEC
      Total
      Horizon, Crane, Diplomic School Yangon (သံတမန်သားသမီးများနဲ့ မြန်မာက High boss များ တက်သော ကျောင်း school web site ရှာမတွေ့လို့ Diplomic School facebook fun)
      Myanmar- Yellow Pages မှာ ကြည့်လိုက်ပါအုံး။
      နောက်တစ်အုပ် Yangon Directory

      web site link ရှိသည့် ကျောင်းများအားလုံး Link ချိတ်ပေးထားပါသည်။

      Like

      1. ဖြေကြားပေးသည့် အတွက် ကျေးဇူး အများကြီးတင်ပါသည်။ ညီပလေး တို. မိသားစု ကျန်းမာပျော်ရွင်ပြီး လိုအင်ဆန္ဒ ပြည့်ပါစေ
        ချစ်မ၀ဖေဖေ

        Like

      2. ချစ်မ၀တို့ နော်ဝေ ကျောင်းတွေ အကြောင်းကိုလည်း Google reader ကနေ ပိုစ် အသစ်ကို စောင့် ဖတ်သွားပါမည်။
        ကျေးဇူးတင်ပါသည်။

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s