Posted in Personal

မတူသော အပြောင်းအလဲ

သားသား လက်ကမ်းပေးထားတယ် မာမီ .....

သားသား လက်ကမ်းပေးထားတယ် မာမီ

ညဘက် မအိပ်ခင် ရေးတာ ….

သမီးလေးမမွေးခင်တုန်းကမှ စာအုပ်တွေ ၀ယ်ဖြစ်သေးတယ်။ သားလေးကလဲ့ကျတော့ အင်တာနက်ကနေ အလကား ဖတ်နေရလို့ စာအုပ်တွေ မ၀ယ်ဖြစ်တော့ဘူး။ ဂျာနယ်လည်း မ၀ယ်ဖြစ်၊ မဂ္ဂဇင်းလည်း မ၀ယ်ဖြစ်၊ vcd မြန်မာကားတွေလည်း မငှားဖြစ်၊ ( ဟဲ … ဟဲ အင်တာနက်ကနေ အလကား ကြည့်နေရလို့လေ ) အသစ် မဖြစ်လည်း ကိစ္စ မရှိဘူး။ ကလေး ၂ယောက်နဲ့ သိပ်မအားလို့ အပြင်မှာတောင် အသစ်ထွက်သမျှ ကား ငှား မကြည့်နိုင်တာ။ အင်တာနက်ကနေ အဟောင်းကားလေးတွေလည်း မကြည့်ရသေးတော့ အသစ်လိုပါပဲ။

ဒါပေမယ့် အခု ကုတင်ဖြုတ်လိုက်တော့မှ ကုတင်အောက်က သိမ်းထားတဲ့ စာအုပ်တွေ ထွက်လာတော့ နေ့ခင်းနေ့လည် သားလေး တစ်ရေးအိပ်တဲ့အချိန်မှာ မာမီက ဘေးကနေ စာအုပ်လေး နဲ့ ဖတ်ရတာ ဇိမ်ပဲ။ မီးကလည်း မှန်နေတော့ အဲယားကွန်းလေးနဲ့။ စာအုပ်လေးဖတ် …  ငိုက်လာရင် သားလေးနဲ့ အတူ တစ်ရေးအိပ်၊ ပုခက်ပေါ်က သားလေးက လှုပ်လာရင် မာမီက ပုခက်ကို လွှဲပေးလိုက်နဲ့ တော်တော် အဆင်ပြေနေတယ်။ မာမီပြောပြချင်တာက အင်တာနက်ကနေ အလကား ရလို့ ဖတ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် စာအုပ်ကို ကိုင်ဖတ်ရတာက ပိုကောင်းတယ်။

သမီးမမွေးခင်တုန်းက တူးဒေး စာအုပ်တိုက်က စာအုပ်တွေ ၀ယ်ထားတာဆိုတော့ စာအုပ် ဈေးနှုန်းတွေက ဂဏာန်းသေးသေးလေးတွေ။ တစ်အုပ်မှ ၃၅၀ ကျပ် ပဲ။ အခုဆို ဘယ်လောက် ရှိမလဲး မသိဘူး။ မရောက်ဖြစ်တာ ကြာပါ့။ city mart က စာအုပ်ကောင်တာမှာလည်း သွား မမွှေဖြစ်ပါဘူး။

မာမီအတွက်တော့ စာအုပ်သာ မိတ်ဆွေကောင်းပဲ။ အခုတော့ နောက်ထပ် မိတ်ဆွေ အသစ်က Mr. Google နဲ့ ဦးရာဟူး လေ။ တစ်ခုခုဆို Mr. Google ကြီးဆီသွားရှာတော့တာပဲ။



မနက်စာ စားရင်း ရေးတာ ….


သားသားကိုယ်ဝန်နဲ့တုန်းကတော့ gmail ကနေ fwd mail တွေ နေ့စဉ် အစောင် ၅စောင်လောက် အနည်းဆုံး gtalk က အသိတွေ အမျိုးတွေကို group အလိုက် ပို့ဖြစ်သေးတယ်။ အခုတော့ မပို့တာတောင် ကြာလို့လား မသိဘူး။ တခါတလေ gmail ပို့ရင် မာမီကို သင်္ချာ လာတွက်ခိုင်းနေတယ်။ မာမီမှာ မေလ်းတခါပို့ဖို့အရေး စက္ကန့် ၆၀ အတွင်းမှာ သင်္ချာတွက်နေရတာလေ။

အခုတော့ password လည်း ပြောင်းလိုက်ပါပီ။ အဲဒီ fwd mail တွေကနေ mail address တွေရတော့ လာ လာ အပ်ကြတာပေါ့။ တယောက်မှကို accept မလုပ်တာပါ။ ဟဲ … ဟဲ ။ အခု my gtalk list မှာ ရှိတဲ့ လူတွေက အမျိုးတွေ၊ ပညာရှင်တွေ၊ အသိ၊ သူငယ်ချင်းတွေပါ။

လာအပ်တဲ့လူတွေရဲ့ mail address ရရင် အမြဲတမ်း Mr. Google ကြီးဆီမှာ သွား မေးတတ်ပါတယ်။ များသောအားဖြင့်က အဲဒီ gmail နဲ့ social net working လုပ်ထားမှ တွေ့ရတတ်တာပါ။ ဥပမာ- friendster, facebook လိုမျိုးလေ။

google မှာ thetnandar ဆိုပီး search လုပ်ရင်လည်း မာမီကို တွေ့နိုင်သလို။ thetnandar family ဆိုပီး search လုပ်လိုက်ရင် ဒီဘလော့ကို ရောက်လာတတ်ပါတယ်။ စကားမစပ် – ဒီဘလော့ကို  wordpress ==> blog stats ==> မှာ ကြည့်လိုက်ရင် Search Engine Terms နေရာမှာ – thetnandar family နဲ့ tree of heaven က တစ်ပတ်မှာ ၆ ရက်လောက် ရှာတတ်ကြတယ်။ refer နေရာမှာ ကြည့်လိုက်ရင်တော့ juneone နဲ့ queensandi ဆီကလာကြတာတွေပါ။ သူတို့ ၂ယောက်ပဲ သူတို့ရဲ့ blog roll မှာ link ထားကြလို့ လေ။ ဒီ wordpress က ၁၅.၅.၀၉ ကမှ register လုပ်ပီး account ဖွင့်ထားတာပါ။ အဲဒီနေ့ကနေ ဒီနေ့ထိ hit အများဆုံးနေ့က july 19, 09 က။ တစ်ရက်တည်းနဲ့ ၁၈၀ ကျော်လောက် hit တက်ပီး ကျန်တဲ့နေ့တွေက ပုံမှန် ၃၀ အနည်း အများလောက်ပါပဲ။ ဂျူလိုင် ၁၈ ရက်နေ့က တင်လိုက်တာက ဆီဒိုးနား ညစာစားပွဲပါ။ juneone က မီးခိုးတိတ်တဲ့နေ့ တင်လိုက်တာနဲ့ တိုးသွားလို့လား မသိဘူး။ သူဆီမှာ ရှားရှားပါးပါး post အသစ် တင်ပီး သူ့ဆီကနေ တဆင့် ကိုယ့်ဆီ မျက်စိလည်ပီး ရောက်လာကြတာ။ အဲဒီနေ့က top post click  က TND father ပါ။ ခွိ ခွိ ခွီး



ရေးနေရင်းနဲ့ သားလေး နိုးလာလို့ သူ့ကို မနက်စာကျွေးအပီး ရေးတာ …


သားသားနဲ့ သမီးလေး …  သားက အမေကို ပိုကပ်တယ်။ သမီးငယ်ငယ်တုန်းက နိုးလာတဲ့ အချိန်ပဲ မာမီကို ဘေးမှာ မရှိရင် ငိုတာ။ သားသားကျတော့ အဲလို မဟုတ်ဘူး။ မာမီကို မျက်စိအောက်ကကို အပျောက်မခံတာ။ ခဏတဖြုတ်လေး မီးဖိုချောင်ဝင်တာဖြစ်ဖြစ်၊ ၀ါရန်တာမှာ အ၀တ်သွားရုတ်နေတာပဲ ဖြစ်ဖြစ် မတွေ့ရင် သားလေးခမျာ တစ်ခန်းဝင် တစ်ခန်းထွက် ငိုမဲ့မဲ့နဲ့ လိုက်ရှာတာ။ တခါ တလေ မာမီကလည်း စချင်တော့ ပုန်းနေတာပေါ့။ အဲဒီအခါ သားသားက မျက်ရည်ကြီး ပေါက် ကျပီး ငိုပါလေရော။

သြော် … မေ့သားလေးရယ် …. ဒီအရွှယ်လေးမှာ မာမီ ပျောက်ရင် ဒီလောက်တောင် ငိုတာ နောက် အနှစ် ၂၀ ကျရင် သားလေး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်တဲ့အခါကျရင်ရော မာမီဆီက အတောင်အလက်တွေ စုံလင်နေပီမို့ ထွက်သွားမှာလား။



စာအုပ်ဖတ်ရင်း စာအုပ်ထဲက ထွက်ကြလာတဲ့ စာသားလေးတွေကို ကောက်လိုက်တာ …..


မိဘအများစုအတွက် မိဘဖြစ်လာရန် များစွာ မခဲယဉ်း။ လူတိုင်းနီးပါး မိဘ ဖြစ်နိုင်ပါသည်။ ကလေးမွေးဖွားဖို့ အတွက် လိုင်စင်ခံရန် မလို။ အတန်းပညာရှိရန်မလို။ ကလေးအကြောင်း တကယ် အသိပညာရှိရန်လည်း မလိုပါ။

မိဘဖြစ်ရခြင်းသည်သာ မလွယ်ကူ။ ယင်းသည် သင့်ဘ၀၏ အံ့ဖွယ်ရာ အကောင်းဆုံး အခွင့်ထူးတစ်ရပ်နှင့် တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် အကောင်းဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်၏။

ရင်သွေး ပြုစုပျိုးထောင်ရေးလုပ်ငန်း တာဝန်လေးသည် သင်ယခင်က ကြိုးပမ်းခဲ့သည်များနှင့် လားလားမျှမတူ။ အနာဂတ်တွင် ကြုံတွေ့လာမည့် အရာများထက်လည်း အဆပေါင်းများစွာ ပိုမို ကြီးမားကျယ်ပြန့် နိုင်သေးသည်။

သို့တစေ သင်သာ ဆန္ဒရှိလျှင် အကောင်းဆုံး ကြိုးပမ်းမည် ဆိုပါက ယင်းသည် သင့်အတွက် စိတ်တက်ကြွဖွယ် အကောင်းဆုံး၊ ဆုလာဘ် အကြီးမားဆုံးနှင့် အကြွယ်ဝဆုံး ဘ၀ အတွေ့အကြုံသာ ဖြစ်လိမ့်မည်။

စာအုပ်ကတော့ – ပါမောက္ခ ဒေါ်အေးသန်း – မိဘကောင်းတို့ ရင်သွေး ပြုစုပျိုးထောင်နည်း ဘာသာပြန်စာအုပ် (Steve Chalke by How to Succeed as a Parent, 10 Survival Tips for busy Mums & Dads)


လက်ရှိအချိန်က အပျော်ဆုံးပါ။ နောက်  တစ်နှစ်ခွဲကျော်ကျရင် သားလေး ၃နှစ် ကျော်ဆို သားလေး နဲ့ သမီးလေးက ကျောင်းသွား၊ မာမီက အလုပ် လုပ်ရတော့မှာ ။ အမလေး …. သားလေးရေ … အဲဒီအခါကျရင် မာမီနဲ့ မခွဲနိုင်ဘူး။ အိမ်မှာပဲ နေချင်တယ်။ မာမီဘဲ အေဘီစီဒီ စာသင်ပေးဆိုပီး မမ Angel ငယ်ငယ်တုန်းကလို ပြောပေးနော်။ အဲဒါဆို မာမီလည်း ကလေးထိန်းနေရလို့ဆိုပီး ဆင်ခြေ ဆင်လက်နဲ့ အလုပ် မလုပ်ရမှာ။


ပြောသာပြောရတာ။ ကလေးတွေ ရှေ့ရေးအတွက် မောင်တစ်ထမ်း မယ်တစ်ရွှက် အလုပ်ကတော့ လုပ်ရမှာပါပဲ။


Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s