Posted in Personal

ကိုယ့်ကိုကိုယ် သတိပေးခြင်း (Remind)

သားငယ်က ကြမ်းပြင်မှာ ခုန်တာတင် မဟုတ်၊ အိပ်ခါနီးအချိန်တွေမှာ ကုတင်ပေါ်မှာပါ ဆော့ရင်း ခုန်နေလို့ … မာမီတို့ အခု ကုတင်နဲ့ မအိပ်ရဲတော့ဘူး။

သားလေး မွေးကတည်းက နေ့ဘက်တွေမှာ ပုခက် သို့မဟုတ် baby rocker ပေါ်မှာ အိပ်။ ညဘက်ကျတော့ ကုတင်ပေါ်မှာ အိပ်နေကျ။ အိပ်နေရင်းနဲ့တော့ သားငယ်က ကုတင်ပေါ်က ပြုတ်မကျဘူးဖူး။ အခုက ကုတင်ပေါ်မှာ ခုန်နေတော့ မတော်လို့ ခြေချော်ပီးများ ပြုတ်ကျမှာ စိုးလို့ မာမီတို့ ကုတင်ကို ဖြုတ်ထားလိုက်တယ်။

မမ Angel ရဲ့ ၂ထပ်ကုတင်ကတော့ ဘေးမှာ ဘောင် လက်တန်းတွေ ပါလို့ ပြုတ်တော့ မကျဘူး။ အဲဒီ ၂ထပ် ကုတင်ပေါ် တက်ရင် မာမီက အမြဲတမ်း ဘေးမှာ နေတယ်။ တချက်ကလေးမှကို အလွတ်မပေးရဲဘူး။

အဲဒါနဲ့ ဆက်စပ်ပီး မမ Angel ငယ်ငယ်လေးကတည်းက ၀ယ်ထားတဲ့ ဒေါက်တာ ဦးသိန်းအောင်ရဲ့  စာအုပ်ကို သတိရလို့ ပြန်ဖတ်ကြည့်တာ ~ ~ ~

ကလေးတွေက လိမ့်ကျတယ်၊ ခေါင်းခိုက်မိတဲ့အခါမှာ အပေါ်ယံကြည့်ရင် ဒဏ်ရာဆိုလို့ ဘာမှ မတွေ့ရပေမယ့် ခေါင်းကို ခိုက်မိတာ မသိဘဲ အတွင်းမှာ သွေးထွက်တာ၊ အထူးသဖြင့် ဦးနှောက်နဲ့ အရိုးအောက်မှာ သွေးထွက်တာဟာ အေ၇းကြီးတဲ့ ပြသနာ ဖြစ်တယ်တဲ့။

နောက်တခု ရှိသေးတယ်။ ဒေါက်တာ ဦးသိန်းအောင် စာအုပ် မဖတ်ခင်တုန်းကတော့ ဒီအချက်ကို မသိသေးဘူးပေါ့။ ကလေးကို ပုခုံးကနေ ကိုင်ပီးတော့တောင် မလှုပ်ယမ်းရဘူးတဲ့။ အသည်းယားလို့ ကလေးကို လှုပ်ရမ်းတာပဲ ဖြစ်ဖြစ် မလုပ်ရဘူး။

ကလေးအပေါ် ဒေါသဖြစ်စရာပေါ်တဲ့အခါ ကလေးကို ခေါင်းရိုက်တာ၊ ကိုင်ပြီး လှုပ်တာတွေ စိတ်လိုက်မာန်ပါ လုပ်တတ်ကြပါတယ်။ ကလေးကို ယမ်းလိုက်၊ ခါလိုက်တဲ့အခါ ဦးနှောက်ထဲမှာ ရှိတဲ့ အမြှေးပါးနဲ့ သွေးပြန်ကြောတချို့ စုတ်သွားပြီး သွေးထွက်သွားတယ်။

ကလေး ခေါင်းကို ရိုက်တဲ့အခါကျတော့ သွေးမထွက်ဘဲနဲ့ ခေါင်းကို ထိခိုက်သွားတယ်။ နားတို့၊ နှာခေါင်းတို့ ဦးခေါင်း အရှေ့ပိုင်းမှာ ရှိတဲ့ Air sinus လို့ ခေါ်တဲ့ အရိုး အခေါင်းပေါက်တို့မှာ ပိုးတွေက နဂိုကတည်းက ရှိနေတယ်။ ခေါင်းကို ရိုက်လိုက်လို့ ခေါင်းပိုင်း ပြင်းပြင်းထန်ထန် လှုပ်လိုက်တာကနေ အဲဒီပိုးတွေက ဦးနှောက်ထဲ ၀င်သွားဖို့ မခဲယဉ်းဘူး။ ဒီထိခိုက်ဒဏ်ရာနဲ့ ဆက်သွယ်ပြီး ဖြစ်တဲ့ ဦးနှောက် အမြှေးရောင်တာ ဖြစ်နိုင်ပါသေးတယ်။

နောက်ဆုံးတစ်ခု ကတော့ အရည်ပြား ပွန်းပဲ့ ဒဏ်ရာတွေ … မာမီ အသုံးပြုနေတဲ့ ဆေးက သမီးလည်း သိပီးသားပါ။ ဒဏ်ရာ တခု ခုဆို betadine ဆေးလေး လိမ်းထားလိုက်တာပဲ။

ခိုက်မိလို့ အရေပြားဖြစ်စေ၊ အမြှေးပါး ဖြစ်စေ ပွန်းပဲ့ သွားတယ်၊ ပေါက်ပြဲသွားတယ် ဆိုရင် အဲဒီနေရာမှာ ပိုးမွှားဝင်ဖို့ လွယ်ကူသွားတယ်။ ဒဏ်ရာ ရလို့ရှိရင် သွေးက ထွက်တယ်။ သွေးထွက်ရင် အဲဒီသွေးထဲမှာမှ၊ သွေးအခဲထဲမှာမှ ပိုးက ပိုပွားများတယ်။ အာဟာရ ပိုရတော့ ပိုပွားဖို့ သိပ်လွယ်တယ်။

အပေါ်ယံ အရေပြားနဲ့ အရိုးနီးတဲ့ နေရာမှာ ထိခိုက် ပွန်းပဲ့မှု ဖြစ်ပြီး ပိုးဝင်သွားလို့ ရှိရင် ရိုးတွင်းခြင်ဆီအထိ လိုက်သွားတဲ့ အန္တရာယ်ရှိတယ်။ အနာလဲ တော်တော်နဲ့ မကျက်တော့ဘူး။ ဒါကြောင့် အရိုးနဲ့ နီးနီးကပ်ကပ် နေရာမှာ ဒဏ်ရာ ရပြီး ပေါက်ပြဲသွားတယ် ဆိုရင် ဆရာဝန် နဲ့ ပြသပြီး စနစ်တကျ ဆေးကုသဖို့ လိုတယ်။

ကျန်းမာရေး စာအုပ် – မကျန်းမာသည့် ကလေး ပြုစုစောက်ရှောက်နည်း (ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သိန်းအောင်)

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s