YIS Swimming Pool

YIS Swimming Pool

YIS Swimming Pool

စနေ တနင်္ဂနွေ ဆိုရင် မနက် ၇ နာရီ ကနေ ၈နာရီထိ သမီးကို ILBC ကျောင်းက ရေကူးကန် ကို လိုက်ပို့ပေးတယ်။ ILBC နဲ့ YIS က ပိုင်ရှင် တူတူပါပဲ။

YIS SP 6

သမီး Angel ရေကူးဝတ်စုံက ပန်းရောင် လက်ရှည်နဲ့ ဒူးဖုံး ဘောင်းဘီ (အသားမမဲအောင် ၀တ်စုံပြည့် ၀တ်ပေးထားတာ)

YIS SP 2

ရေငုပ်နေတဲ့ ထောင့်စွန်းက ကလေးက သမီးလေး Angel

YIS SP 3

Kg ကတည်းက အဲဒီ ရေကူးကန်မှာ ရေကူးသင်လာတာ ဆိုတော့ အခုဆို တော်တော်လေးကို ကူးတတ်နေပီ။ လက်ပစ်ပီးလည်း ကူးတတ်နေပီ။

YIS SP 4

သမီးတို့ကို ရေကူးသင်ပေးတာကတော့ ဆရာမ။ ရေကူးသင်တဲ့ကလေး ၅ယောက် ၈ယောက်လောက်စီကို ဆရာ ဆရာမ တစ်ယောက်စီလေ။ အဲဒီ ရေကူးသင်တန်းအတွက် ပိုက်ဆံ အပို ထပ်မပေးရသလို စာမေးပွဲ အမှတ်လည်း မယူဘူး။ ကျောင်းမှာ သင်တဲ့ PE (Exercise) ကျတော့ အမှတ်ယူတယ်။ ရေကူး၊ အေရိုးဘစ်၊ ဘက်စကတ်ဘောမှာ သမီးက နှစ်တိုင်း ရေကူးပဲ ရွှေးပီး သင်တယ်။

YIS SP 8

သမီး က အဲဒီ ရေကူးကန် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို လက်ပစ်ကူးလည်း ကူးတတ်နေပီလေ။ သမီးတို့ Primary 2 အတန်းတွေက စနေ တနင်္ဂနွေ မှာ မနက်ကို ၂ ချိန် ညနေကို ၂ ချိန် ရှိတယ်။ မိဘတွေ ကြိုက်တဲ့ အချိန် ပို့ပေးနိုင်တယ်လေ။ အဲဒီမှာ လူနည်းတဲ့ မနက် ၇ နာရီကို မာမီက ရွှေးလိုက်တာ။ လူလည်း နည်းတယ်။ ပီးတော့ သုမင်္ဂလာ လမ်းမက မနက်ခင်းဆို အရမ်းလှပတဲ့ ရှုခင်းတွေ ရှိတယ်။

SANY2939

ဆော့နေတာလေ

ဆော့နေတာလေ

သားက ရေကူးကန်ေ၇ာက်တာနဲ့ အပေါ်တက်တဲ့ လှေကားကို သူ့ဘာသာ သူ တက်။ မာမီက ဘေးကနေ လက် ကာပီး အသင့် အနေထားပေါ့။ ခြေချော်ရင် လှမ်းပီး ထိန်းနိုင်အောင်လေ။ သား လက်ကို ကိုင်ပီးတော့ မတက်ဘူးပေါ့။ သားက သူ့ဘာသာ သူ့ လှေကား လက်တန်းကို ကိုင်ပီး တက်တာ။

ladder

မိုင်ဆန်း တက်လိုက် ဆင်းလိုက် လုပ်နေတဲ့ ၂ဆင့် လှေကားလေ။ လှေကားက ပြေတော့ ပြေတယ်။ မိုင်ဆန်းကတော့ တက်လို့ကောင်း ဆင်းလို့ကောင်း။

YIS SP 6

YIS Swimming Pool

YIS 3

YIS School web site link

YIS

တစ်နှစ်စာ ကျောင်းသားတစ်ယောက် ကို ကျောင်းလခ မြန်မာငွေ သိန်း ၁၅၀ ပေးတက်ရတဲ့ ရန်ကုန်မြို့က ဒုတိယ ဈေးအကြီးဆုံး နဲ့ နိုင်ငံခြားသား ဆရာ ဆရာမတွေပဲ သင်တဲ့ အကောင်းဆုံး ကျောင်း။

YIS School Play Ground

YIS School Play Ground

Join 2 YIS School & YIS Swimming Pool

Join 2 YIS School & YIS Swimming Pool

ဂုန်းကျော် တံတားလေး။ ကျောင်းနဲ့ ရေကူးကန်နဲ့ကို ဆက်ထားပေးတာ။

Walk 2

ရေကူးကန် အပေါ်ထပ်မှာလည်း သားက လမ်းလျှောက်လိုက်၊ မြက်ခင်းပြင်မှာ ပြေးလိုက်၊ လှေကားတက်လိုက်၊ ရေဗွက်အိုင်တွေ့ရင် ခြေထောက်ကို ဆောင့်လိုက်၊ နားနေခန်းမှာလည်း သူ့က သောက်ေ၇သန့်အိုးကို ရေဖွင့်ပီး သောက်လိုက် ဆော့လိုက် လုပ်နေတာလေ။

walk 3

Angel’s ILBC School web site link

Advertisements

2 thoughts on “YIS Swimming Pool

  1. အမရေ>>>မြန်မာပြည်မှာ International Std မှီတဲ့ ကျောင်း မှာတက်နိုင်တာ ကလေးတွေကကံကောင်းလိုက် တာနော်။

    Like

    • Thet Nandar says:

      အသိ သူငယ်ချင်းတွေနဲ့ အမျိုးတွေကတော့ အဲလို မတွက်ကြလို့ စင်ကာပူမှာ နေထိုင် စားစရိတ် အများကြီး အကုန် အကျ ခံပီး ကလေးတွေ ပညာရေးအတွက် သုံးနေကြပါတယ်။ အားလုံး တညီတညွှတ်တည်း ထွက်လာတဲ့ လေသံကတော့ သင်ယူပုံ သင်ယူနည်း၊ သင်ထောက်ကူပစ္စည်း၊ ကျောင်းလေ့လာရေးခရီး ( excursion ) … အစ ရှိသဖြင့်တွေကြောင့်ပေါ့နော်။ 😀

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s