Posted in Food & Drink

Milk powder

သမီး နဲ့ သား သောက်တဲ့ နို့မှုန့်
သမီး နဲ့ သား သောက်တဲ့ နို့မှုန့်

သားသားက အသက် တစ်နှစ်ခွဲ ရှိပီ။ ဖွံဖြိုးမှု အဆင့်ဆင့် က အသက်ထက် စောနေပေမယ့် ကိုယ်အလေးချိန်က ယောက်ျားလေးမို့လို့လည်း ပါသလို … အစာလည်း ဂျီးများလို့ ကိုယ်အလေးချိန်တိုးအောင် သောက်ဖို့ မာမီဝယ်ပေးထားတဲ့ နို့မှုန့်

သမီးလေးက အသက် ၇နှစ် ရှိပီ။ သမီး အရပ်က အသက်နဲ့စာရင် နိမ့်လည်း မနိမ့်ပေမယ့် မြင့်လည်း မမြင့်လို့ သမီးကော သားကော သောက်လို့ရတဲ့ အသက် ၁ နှစ်ကနေ ၁၀ နှစ်ထိ သောက်လို့ရတဲ့ နို့မှုန့်။

မြန်မာမှာတော့ တစ်ဗူးကို 31700 ကျပ် (city mart super mart) ကနေ ၀ယ်လာတဲ့ Pedia sure complete milk powder.

Record : သမီးနဲ့ သား ငယ်ငယ်တုန်းက သောက်ခဲ့တဲ့ နို့မှုန့်တံဆိပ်ကို မှတ်ထားလိုက်တာ။

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

8 thoughts on “Milk powder

    1. June one သားက တစ်နှစ်အရွှယ်ကို ၂၄ ပေါင်ရှိတော့ ထွားတာပေါ့။ Pedia Sure က အစာ မစားတဲ့ ကလေးတွေကို တိုက်တဲ့ နို့မှုန့်ပါ။

      Like

  1. သမီးက PII ရောက်နေပြီဆိုတော့ Class Teacher က ဘယ်သူလဲ မမရေ။ အိအသိဆရာမများ ဖြစ်နေမလားလို့ပါ။ အိလည်း အရင် က I.L.B.C မှာလုပ်ခဲ့တယ်။

    Like

    1. Tr. ဖြူအိခိုင် ပါ။ သမီးတို့ အားလုံးကတော့ တီချယ် ငယ်ငယ်လို့ ခေါ်ကြတယ်။ P2 အခန်းပါ။
      I.L.B.C က တီချယ်အိ မင်္ဂလာပါ။
      စင်ကာပူမှာ Angel တီချယ်တွေထဲကဆို တီချယ် Jade လည်း မိသားစုလိုက် စင်ကာပူ ရောက်နေတယ်။
      တီချယ် Jade နဲ့က Pre school (2007) မှာ သင်ခဲ့တဲ့ ဆရာမပါ။

      Like

  2. မသက်
    Tr အသစ်ထဲက ဖြစ်မယ် ထင်တယ်။ အိနာမည်ကို မရင်းနှီးဘူး။ အိက ကျိုက္ကဆံဘက်က ဆိုတော့ Pre School ဘက်ကို လူတွေသာ မြင်ဖူးမယ် နာမည်မသိဘူး။ ဒါပေမယ့် Pre School Head Tr. Irine လည်း ဒီကို မကြာခဏ အလည်လာတယ်။ Tr. Swe လည်း ဒီမှာ မိသားစုလိုက်ပဲ ရောက်နေတယ်။ အိကတော့ ဆရာမအလုပ်ကို ရပ်နားပြီး စာရင်းကိုင်ဖြစ်နေတယ် မသက်ရေ။ P2 မှာ သူငယ်ချင်းတွေ ရှိသေးတယ် သမီးကို သွားကြည့်ခိုင်းဦးမယ်။ အခုကျောင်းက တနေကုန်ကျောင်းဖြစ်သွားပြီဆိုတော့ သူငယ်ချင်းတွေက အခု P4 သင်နေကြတယ်။

    Like

    1. Tr. Jade က နိုင်ငံခြားသူပါ။ ကြည့်ချင်ရင် ဓာတ်ပုံ တင်ပေးမယ်လေ။ ILBC က ဆရာမတွေ မြနန္ဒာ သီချင်းနဲ့ ကနေတဲ့ ပုံတွေ 😛 (အခု ရက်ပိုင်းတော့ ၀က်တုပ်ကွေးကို ကြောက်ကြလို့တဲ့ ကျောင်းရဲ့ ထက်ဝက်ကျော်လောက်က မျက်နှာဖုံးလေးတွေနဲ့) စာရင်းကိုင် အလုပ်လည်း အေးချမ်းတာပါပဲ။

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s