Capital playground

Angel ကို ကျောင်းသွားအပ်တယ်။ I.L.B.C မှာ Admin fees က နှစ်တိုင်းပေးရတယ်။ ၄၀၀၀၀ နဲ့ ကျောင်းလခ ၃လစာ စုစုပေါင်း 766 000 ကျပ် ပေးရတယ်။ အပြန်မှာ သမီးအတွက် ဘိနပ်သွားဝယ် March လ က နောက်ဆုံး စီးခဲ့တဲ့ ကျောင်းသွားရင် စီးတဲ့ ဘိနပ်က ကျပ်တယ်ဆိုလို့ ဆိုဒ် နည်းနည်းကြီးတာ ၀ယ်ပေး။ နေ့စဉ် ကျောင်းတက်ရင် စီးတာက အနက်ရောင် shoe နဲ့ PE အချိန်တွေမှာ စီးဖို့က walking shoe ၂ ရံ ၀ယ်ပေးလိုက်တယ်။

Capital Hyper Shopping Mall ရောက်တော့ သားနဲ့ သမီးက တော်တော်ပျော်ပေါ့။ အောက်ထပ်က ကြက်ကြော်ဆိုင်မှာ ကြက်ကြော်စားရင်းနဲ့ အဲဒီဆိုင်က လျှောတွေစီးပီး ဆော့ ပီးတော့ အပေါ်ထပ်က play ground မှာ တစ်ယောက် 1000 ကျပ် စီ ပေးပီးဆော့။ သားသားက တစ်နှစ်ခွဲပဲ ရှိသေးတော့ ပထမ ပေးမ၀င်ဘူး။ ၃နှစ်မှ ပေးဝင်တာ။ သားသားက ငယ်သေးပေမယ့် ဆော့တတ်ကြောင်းနဲ့ သူ့ တစ်နှစ်သားလောက်ကတည်းက ဒီလို play ground တွေ ဆော့နေကြမို့လို့ ပေးဆော့ဖို့ ပြောပြလိုက်တော့ သားသားက capital play ground မှာ ဆော့လို့ရသွားတယ်။ ဆော့လိုက်တာဆိုတာ အရမ်းပါပဲ။ အဲဒီ play ground က ရန်ကုန်မြိုက play ground တွေ ထဲမှာ  အမြင့်ဆုံးပဲ။ သူ့က ၃ ထပ် ရှိတယ်။ ကျန်တဲ့ play ground တွေက ၂ ဆင့်ပဲ ရှိတယ်။ capital play ground က လျှောက မြင့်လည်း မြင့်တယ်။ သားက အဲဒီလျှောကို ပြောင်းပြန် လမ်းလျှောက်ပီးတက်လိုက်။ လျှောစီးလိုက် ဆော့တော့တာပဲ။ အပေါ်ဆုံး အဆင့်ထိလည်း တက်သွားတယ်။

မာမီတို့ ငယ်ငယ်တုန်းက အဲလို ကစားကွင်းတွေ မရှိတာ ဆိုးပါ့။


Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s