Posted in Food & Drink

Breakfast

ဒီနေ့ မနက်စာက မန်ထိုပေါင်မုံကျော်။ city mart ကနေ ၀ယ်ထားတာ။ ၂၀၀၀ကျပ် ကျော်လောက်ပဲရှိတယ်။ မန်ထိုပေါင်မုန့်ကို microwave နဲ့ပဲ ပေါင်းစားစား။ ထမင်းအိုးနဲ့ပဲ ပေါင်းပေါင်း။ ကျော်ပီး ကြက်ကြော်နဲ့ပဲ စားစား သမီးနဲ့ သားက အရမ်းကြိုက်တဲ့ မနက်စာပေါ့။ မာမီတွက်ကြည့်တာတော့ တစ်လုံးကို မြန်မာငွေ ၂၀၀ ကျော်လောက်ပဲ ကျတော့ စားရတာ အဆင်ပြေတယ်လေ။

သားသားက အခုနောက်ပိုင်း သူ့ဘာသာသူ့ စားတတ်နေပီ။ သူ့ကတော့ မနက်စာကို တီဗီကြည့်ရင်း စားတတ်တယ်။ အဲဒီ ခုံလေးထဲကိုလည်း သားသားက သူ့ဘာသာ ကျော်ခွပီး ၀င်ထိုင်တတ်တယ်။ သားသား ကြည့်တတ်တဲ့ vcd တွေကတော့ age 4months to 36 months (action words) ကလေးတွေကို စကားလုံး တစ်လုံးချင်းစီ အကြောင်း ရှင်းပြ အသံထွက်ပြပီး အမူအရာလေးတွေနဲ့ သင်ကြားပေးတဲ့ vcd.

သမီးကတော့ မနက်စာကို အခုလိုမျိုးလေး အင်တာနက်ဂိမ်းဆော့ရင်းစားတတ်တယ်။ ကျောင်းပိတ်ထားတော့လည်း မာမီက ဘာမှ မပြောပါဘူး။ သမီးလေးက အင်တာနက်နဲ့လည်း စာသင်တာမျိုးလည်း ရှိတော့ မပြောတော့တာလေ။ အမှန်က မနက်စာကို ပီးအောင်စား။ ပီးမှ အင်တာနက်ဂိမ်းဆော့ လို့ သင်ပေးရမှာပေါ့။ အခုက အချိန်နဲ့ မီးလာတာဆိုတော့ ဆော့ပေါ့နော်။ တော်ကြာ မနက်စာ စားလည်းပီး မီးလည်းပျက်သွားရင် သူ့မဆော့ရလို့ဆိုပီး ငိုနေအုံးမယ်လေ။ အဖြစ်က အဲလို ….

မာမီအတွက်ကတော့ ပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီ … မနက်စာ ကော်ဖီ သောက်ရင် အဲလို မတ်ခွက်ကြီးကြီးနဲ့ သောက်ရမှ တင်းတိမ်တာ။ မာမီလည်း ၀ လာနေပီ။ ဒါပေမယ့် သမီး ကျောင်းဖွင့် နောက်လလောက်ဆိုရင်တော့ မနက် စောစောထ ထမင်းဗူးအတွက် ချက်ပြုတ် သမီးကို ကျောင်းပို့ ကျောင်းကြိုလုပ်ရ ကလေး ၂ယောက် ဝေယျာဝစ္စလုပ်တာနဲ့တင် ပြန်ပိန်သွားနိုင်တာမို့ သိပ်တော့ စိတ်မပူဘူး။ လောလောဆယ်က ၀မှာပဲ။

Date : May – 14, 2009 (Wed)

Place : Home

Advertisements

Author:

I prefer funny, quotes, music and story. Let's see the funny for a minute and appreciate life. I am a fun loving person I know how to be happy always.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s