
စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း
October 30, 2009စိန်တုံးကြီးများအကြောင်း (ဇာတ်သိမ်းပိုင်း)
| စိန်တုံးကြီးများ အကြောင်း ပေါင်းချုပ် မထွက်သေးဘူး လားဟု မေးသူတွေ ခဏခဏ ကြုံရသည်။ အယူအဆ အမှား များလောက် ရေးစရာပေါသော ခေါင်းစဉ်ကိုပင် ကိုးလတည်း ရေးခဲ့သော ဒေါက်တာရဲသည် တစ်ခါမှ အကြာကြီး ရေးနေ၍ အံ့ဩ ကြဟန် တူသည်။ စရေးတုန်းက ပါမောက္ခရဲ ဖြစ်သည် အထိ ရေးမှာဟု နောက်တီးနောက်တောက်ရေးခဲ့ရာ ယခုတော့ ပါမောက္ခလည်း တကယ်ဖြစ်သွားခဲ့ပြီ၊ စိန်တုံးကြီး ဆိုသည့် စကားလုံး၏ ပိုင်ရှင် အစစ် အစ်ကို ဆရာ ပါမောက္ခ ဦးဖေသက်ခင် လည်း ကလေး အထူးကု ဆရာဝန် ဘဝကို ကျောခိုင်း၍ အငြိမ်းစား ယူသွားသည့် အဖေဆရာ နေရာမှာ ပါမောက္ခချုပ်ကြီး ဖြစ်နေပြီ။ | |||
|
|||
| တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များသော အရွယ် ဖြစ်သဖြင့် ဖြစ်သင့် သည့် အတိုင်း မဖြစ်ခဲ့ လျှင်လည်း သတိထား စရာ၊ ဆရာဝန် နှင့် ဆွေးနွေး စရာတွေ များပါသည်။ ဒါတွေကို သည် ဆောင်းပါးရှည်ကြီး ရယ်၊ ရတနာသိုက် စာပေတိုက် မှပင် ထုတ်ဝေခဲ့ဖူးသော ကျွန်တော် ၏ ရင်သွေး ရတနာ ကလေးများ အတွက် စာအုပ်ရယ် နှစ်ခုပေါင်း လိုက်လျှင် ခြုံငုံ မိပြီဟု ယူဆပါသည်။ | |||
| ၂။ စူးစမ်း လေ့လာ တတ်သော အရွယ်ပါ ခွက်လေးမှောက်နေတာတွေ့လျှင်တောင် လှန်ပြီး အထဲမှာ ဘာရှိ သလဲ ရှာပါလိမ့်မည်။ ပိုးကောင်အသေလေးတွေ့လျှင်တောင် အနည်း ဆုံး လက်နှင့်တို့ကြည့်ပါလိမ့်မည်။ ကံမကောင်းလျှင် ပါးစပ်ထဲထည့် ကြည့်တတ်ပါသေးသည်။ ထို့ကြောင့် သည်အရွယ်၏ ပတ်ဝန်းကျင်ကို သူတို့အတွက် ဘေးကင်း လုံခြုံအောင် အစစ သတိထား ပြင်ဆင် ထားမှ တော်ရုံ ကျပါမည်။ဒါကို သည်ဆောင်းပါးထဲ တွင်ပင် ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပြီဟု ထင်ပါသည်။ |
|||
| ၃။ ကူးစက် ရောဂါ သတိထား ရမည့်အရွယ်ပါ မိခင် ရင်ခွင်ထဲမှာ ဆင်းကာ ပတ်ဝန်းကျင်နှင့် စတင် ထိတွေ့ တော့မည့် အရွယ်ပါ။ ကျောင်းနေ အရွယ် ကလေးငယ် လောက် ပတ်ဝန်းကျင် နှင့် အထိအတွေ့မများသေးသော်လည်း ကျောင်းနေ အရွယ် ကလေးငယ် လောက် လည်း ကိုယ်ခံ အား မကြွယ်သေးပါ။ ခဏခဏ ဖျားတတ်၊ ချောင်းဆိုးတတ်၊ ဝမ်းပျက် တတ်ပါသည်။ တချို့သော ရောဂါတွေက ကာကွယ် ဆေးထိုး၍ ကာကွယ် နိုင်ပါသည်။ သည်အရွယ် မှာ ထိုးရမည့် ကာကွယ်ဆေးတွေ အကြောင်းလည်း ကျွန်တော် ပြည့်ပြည့်စုံစုံ ဖော်ပြ ဖြစ်ခဲ့သည်ဟု ထင်ပါသည်။ တချို့ ရောဂါတွေက ကာကွယ်ဆေးမရှိ။ ဆောင်ရန်၊ ရှောင်ရန်တွေ သာရှိသည်။ အဲသည့် ရောဂါတွေ အတွက်တော့ သည်ဆောင်းပါး ရှည်ကြီး ရော၊ စွယ်စုံမီဒီယာ အုပ်စုမှ ထုတ်ဝေခဲ့သည့် ကလေး ရှေးဦး သူနာပြုစု နည်းစာအုပ် ရော တွဲဖတ်ဖို့ လိုမည် ထင်သည်။ |
|||
| ၄။ သင်ကြား လေ့လာမှုများ စတင်သည့် အရွယ်ပါ သည်အရွယ်မှာ ခေတ်အစားဆုံး မေးခွင်းကတော့ ဘယ်တော့ မူကြို စထား ရမလဲ ဆိုတာ ဖြစ်သည်။ သည်ဆောင်းပါးရှည်ကြီး ထဲတွင် မူကြို ဘယ်တော့ စထား သင့်သည် ဆိုသည့် ကိစ္စ သာမက မူကြို မထားခင် ကတည်းက ကလေး၏ လေ့လာ သင်ယူမှု အားကောင်းအောင် ဘာတွေ လုပ်ပေးရမည် ဆိုတာ ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပါသည်။ |
|||
|
|||
| ၆။ စာရေးသူ ၏ ဘဝ အပြောင်းအလဲ အများဆုံး အချိန်ပိုင်းပါ သည်ဆောင်းပါးရှည်ကြီး ရေးနေရင်း မြို့နှစ်မြို့ ခေါက်တုံ့ ခေါက်ပြန်ပြောင်း ခဲ့ရသည်။ ရာထူး သုံးဆင့် တက်ခဲ့သည်။ စာအုပ်ပေါင်း များစွာ ထွက်ခဲ့သည်။ စာရေး ဆရာမ ဖြစ်တဖြစ် ဘဝမှ အမျိုးသား စာပေဆုရ စာရေးဆရာ ဖြစ်ခဲ့သည်။ ကိုယ့်ဘဝ အပြောင်းအလဲ တွေများ နေတုန်း ရေးခဲ့သည့် ဆောင်းပါးမို့ နိဒါန်းတွေ၊ အချီးတွေမှာ ကိုယ့်အကြောင်း ကိုယ် ထည့်ထည့် ရေးတာ တွေ မကြာခဏပါ နေသည်ကို တော်တော် သည်းညည်းခံ ဖတ်ရမည့် ဆောင်းပါးပါ။ သည်အချိန် အထိ သည်းညည်းခံ စိတ်ရှည်ရှည် ဖတ်လာ ခဲ့သည့် ချစ်လှစွာ သော စာဖတ် ပရိသတ် တို့ကို တောင်းပန်ရင်း ကျေးဇူးတင် စကား ဆိုပါ ရစေ။ |
|||
| ကျန်းမာရေး မဂ္ဂဇင်း မဟုတ်ပါ ဘဲနှင့် လဆန်းတာနှင့် ဆောင်းပါး မှန်မှန် လာတောင်း ၍ ဖော်ပြ ပေးတတ်သော Perfect အဖွဲ့သားများကို လည်း ကျေးဇူးတင် ပါသည်။ သည်လူတွေ လုံးချင်း ထုတ်ကြ ဦးမှာပါ။ အားပေး ကြပါဦး။ စိန်တုံးကြီးများ အရောင် တဖျတ်ဖျတ် ခါနိုင် ကြပါစေ…။ ပြီးပါပြီ။ |
|||
| ဆန္ဒမွန်ဖြင့် ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)
|
Advertisement

